အာလူး၏ ကျန်းမာရေး အတွက် အသုံးဝင်ပုံများ
25-Feb-2017
သွေးတွင်း သကြားဓာတ် တည်ငြိမ်စေတယ်။ အာလူးရဲ့ ကာဗိုဟိုက်ဒရိတ် က ပြိုကွဲမှု နှေးပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်စေပါတယ်။ ဗိုက် ပြည့်တင်းနေလို့ ဆာလောင်မှု ကိုလည်း လျော့နည်းစေပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် မျိုးစုံ ပါဝင်တယ်။၁၉ ရာစုမှာ အင်္ဂလန်နဲ့ စပိန်နိုင်ငံမှ သင်္ဘောသားတွေက သွားဖုံးသွေးယိုတာ မဖြစ်အောင် ကာကွယ်ဖို့ အာလူးကို စားသုံးခဲ့ကြပါတယ်။ အာလူးမှာ ဗီတာမင် စီ ကြွယ်ဝပြီး ခုခံ စွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီ အုပ်စုနဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်စတဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်ပါတယ်။
အစာချေ စနစ် ကောင်းမွန်စေတယ်။ အာလူးထဲမှာ ကာဗိုဟိုက်ဒရိတ် အဓိက ပါဝင်ပြီး ပရိုတင်း မပါတာကြောင့် အစာအမာတွေ မချေဖျက်နိုင်သူတွေ အတွက် စားသုံးဖို့ သင့်တော် ပါတယ်။ အာလူး အများအပြား စားသုံးတာကြောင့် အက်ဆစ် အထွက်များစေပါတယ်။
နှလုံးနဲ့ သွေးကြော ရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်နိုင်တယ်။ အာလူး မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ နိုင်ယာစင်၊ ဗီတာမင် စီ နဲ့ ဗီတာမင် ဘီ အုပ်စု စတာတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးဖိအား ပုံမှန် ဖြစ်စေပြီး နှလုံးနဲ့ သွေးကြော
ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, January 2016, No.282, Pg.106
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

